“ယနေ့ခေတ် ကုမ္ပဏီတွေက ဘာဖြစ်လို့ ပညာရှင်ဆန်တဲ့ ဘာသာပြန်ဝန်ဆောင်မှုတွေ လိုအပ်တာလဲ။”

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးက ကျဉ်းသည်ထက် ကျဉ်းလာပါတယ်။ အတိတ်မှာလိုမျိုး အဆင်မပြေမှုတွေမရှိဘဲ နိုင်ငံတကာဆက်ဆံရေးနဲ့ နည်းပညာတွေဟာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်စေခဲ့ပါပြီ။ ဆိုရှယ် မီဒီယာတွေ၊ အီးမေးလ်နဲ့ ဗီဒီယိုဖုန်း ခေါ်ဆိုနိုင်မှုတွေဟာ ကျွန်တော်တို့တွေကြားက ဆက်သွယ်ရေး အရည်အသွေးကို တိုးတက်စေခဲ့ပါတယ်။
ဒီလို တိုးတက်မှုတွေဟာ စီးပွားရေးကိုလည်း များစွာသက်ရောက်မှု ရှိနေပြန်ပါတယ်။ အကွာအဝေးဆိုတာ ပြဿနာတစ်ခု မဟုတ်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေဟာ တစ်ခုနဲ့တစ်ခု ပိုမိုဆက်သွယ်လာတာကြောင့် စီးပွားရေးအတွက် များပြားလာတဲ့ အခွင့်အရေးတွေနဲ့ ဝင်ငွေ အမျိုးအစားအသစ်တွေကလည်း ယခုနှစ်ပိုင်းအတွင်းမှာ ပိုလို့တောင် များပြားလာပါတယ်။

“ယဉ်ကျေးမှု မတူညီမှုများ”

နိုင်ငံတကာဆက်ဆံရေး တိုးတက်လာခြင်းဟာ ဈေးကွက်အသစ်တွေကို ပိုမိုမြန်ဆန်စွာ ဖော်ဆောင်ပေးတယ်ဆိုပေမယ့် အချိန်တွေပြောင်းနေသည့်တိုင်အောင် တူညီတဲ့ ပြဿနာတစ်ခုကတော့ ရှိနေဆဲပါဘဲ။ အဲ့ဒါကတော့ ယဉ်ကျေးမှု မတူညီမှုတွေပါ။ ဒီလို ယဉ်ကျေးမှု မတူညီမှုတွေဟာ စီးပွားရေးအဆက်အသွယ်တွေကို ရေရှည်တည်မြဲစေခြင်းအတွက် အဟန့်အတားတစ်ခု ဖြစ်စေနိုင်ပါတယ်။
အဆင်ပြေချောမွေ့ပြီး အကျိုးရှိစေတဲ့ ဆက်ဆက်ရေးအတွက် ယဉ်ကျေးမှုကွဲပြားခြင်းကို နားလည်ခြင်းဆိုတာ မိမိရည်ရွယ်တဲ့ ဈေးကွက်မှာ သူတို့ နားလည်၊ ပြောဆိုတဲ့ ဘာသာစကားနဲ့ ဆက်ဆံခြင်းကို ဆိုလိုတာပါ။ ဒါဟာ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်ချင်တဲ့ ကုမ္ပဏီတွေအတွက် စီးပွားရေး မဟာဗျူဟာတွေထဲက တစ်စိတ်တစ်ပိုင်းပါဘဲ။ ထိုးဖောက်ချင်တဲ့ ဈေးကွက်ရဲ့ ယဉ်ကျေးမှုကို ပြည့်ပြည့်ဝဝ နားလည်ရန် လိုအပ်ပါတယ်။
ဒီလို မဟာဗျူဟာတွေထဲက တစ်ခုက ဆက်သွယ်ရေး ကွာဟနေမှုကို တံတားထိုးကာ ဆက်သွယ်နိုင်ရန်ပါဘဲ။ မကြာသေးခင်နှစ်များက ပညာရှင်ဆန်တဲ့ ဘာသာပြန် ဝန်ဆောင်မှုတွေကို အသုံးပြုမှုအရေအတွက်ဟာ တိုးတက်ခဲ့သလို စည်းစနစ်ကျတဲ့ ဆက်သွယ်ရေးဟာလည်း အလွှာပေါင်းစုံမှာ အလွန့်ကို အရေးပါလာခဲ့ပါတယ်။

“ဘာသာပြန်ဝန်ဆောင်မှုကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ”

အောင်မြင်တဲ့ စီးပွားရေးသော့ချက်ဟာ စည်းစနစ်ကျတဲ့ ဆက်သွယ်ရေးပါ။ အထူးသဖြင့် ကမ္ဘာ့အလယ်ကို ထိုးဖောက်ချင်တဲ့ စီးပွားရေးအတွက် ပိုမိုအရေးကြီးပါတယ်။ ဘာသာစကားအတားအဆီးကို ကျော်လွားနိုင်မယ့်နည်းလမ်းဟာ ပညာရှင်ဆန်တဲ့ ဘာသာပြန်ဆိုခြင်း အသုံးချခြင်းပါ။
နိုင်ငံတကာစီးပွားရေးအား လုပ်ကိုင်နေစဉ်မှာ စီးပွားရေး အစီအစဉ်၊ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာ၊ ဝက်ဘ်ဆိုဒ်နဲ့ သင့်ရဲ့အီးမေးလ် အစရှိတဲ့ သင့်ရဲ့ကုမ္ပဏီနဲ့ သက်ဆိုင်သမျှကို ရည်ရွယ်တဲ့ ဘာသာစကားသို့ အမြဲတမ်း ဘာသာပြန်ဆိုသင့်ပါတယ်။
အင်္ဂလိပ်စာကို ဖတ်နိုင်တဲ့ ဝန်ထမ်းတစ်ဦးကို အလုပ်ခန့်အပ်တာဟာ လက်တွေ့ကျပေမယ့် နေ့စဉ် လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သတ်မှု မရှိဘဲ သင့်ရဲ့ စီးပွာရေးနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်တိကျစေခြင်းတစ်ခုထဲအပေါ်မှာသာ အပြည့်အဝ အာရုံစိုက်တဲ့ ပညာရှင်ဆန်သော ဘာသာပြန်ဆိုသူတွေကို ငှာရမ်းခြင်းဟာ ပိုမို ကောင်းမွန်ပါတယ်။ ဒါဟာ ဘာသာပြန်ဆိုရန်ကိစ္စတွေကို ပိုမိုလွယ်ကူ ချောမွေ့စေပါတယ်။
သင်ရည်ရွယ်တဲ့ ဈေးကွက်မှာ သူတို့ရဲ့ ဘာသာစကားကို အသုံးပြုတာကြောင့် ပြောင်မြောက်တဲ့ ဘာသာပြန် စာရွက်စာတမ်းတွေဟာ သင့်ရဲ့ ဈေးကွက်အလားအလာကို တိုးတက်စေမှာပါ။ သင်ရည်ရွယ်တဲ့ အဖွဲ့အစည်းဟာ သင်ပေးပို့လိုတဲ့ ဆိုလိုရင်းကို လွယ်ကူစွာ နားလည်နိုင်ပါလိမ့်မယ်။ ကျွမ်းကျင်တဲ့ ဘာသာပြန်သူတွေကို အသုံးပြုခြင်းကြောင့် ဘာသာပြန်ဆိုခြင်းမှာ လွှဲချော်မှုမရှိဘဲ သင်ဟာ အကျိုးရှိစွာ ဆက်သွယ်ဆောင်ရွက်နိုင်မှာပါ။

“စီးပွားရေးလောကမှ ဘာသာပြန်ဝန်ဆောင်မှု”

ဝက်ဘ်ဆိုဒ်တွေကို ဘာသာပြန်ဆိုခြင်းအပါအဝင် ပညာရှင်ဆန်တဲ့ ဘာသာပြန် ဝန်ဆောင်မှုတွေဟာ နေရာဒေသအလိုက် အကျိုးရှိစေပါတယ်။ ဝက်ဘ်ဆိုဒ်တစ်ခုဟာ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ ကုမ္ပဏီတစ်ခုရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ယောက်ပါ။
အသုံးပြုသူတွေအတွက် အဆင်ပြေတဲ့အခါ ရည်ရွယ်တဲ့ဈေးကွက်ကို ထိုးဖောက်ဖို့ ပိုပြီးလွယ်ကူလာပါတယ်။ ကုန်ပစ္စည်းရဲ့ အချက်အလက်၊ ကုန်ပစ္စည်း လက်စွဲစာစောင်၊ ညွှန်ကြားချက်၊ ကြေညာ၊ အထုတ်အပိုးနဲ့ အညွှန်း စတဲ့ ဈေးကွက် ဆက်စပ်ပစ္စည်းတွေကိုလည်း ရည်ရွယ်တဲ့ ဈေးကွက်ရဲ့ ဘာသာစကားကို ပြန်ဆိုဖို့ လိုပါတယ်။ သင် သတိထားမိမယ်ဆိုရင် ယနေ့ခေတ် နိုင်ငံတကာ သုံးစွဲသူတွေကို ရည်ရွယ်တဲ့ ကုန်ပစ္စည်းအများစုမှာ အသုံးပြုသူ လက်စွဲ၊ ကုန်ပစ္စည်း အချက်အလက်စာရွက်နဲ့ အသုံးပြုသူ ညွှန်ကြားချက်တွေများစွာ ထည့်သွင်းထားတာကို တွေ့ရမှာပါ။
တိုတိုပြောရရင်တော့ မှန်ကန်တဲ့ နည်းလမ်းကို အသုံးမပြုရင် နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်ဖို့ မလွယ်ပါဘူး။ ဒါ့အပြင် ကောင်းမွန်တဲ့ ဘာသာပြန် ဝန်ဆောင်မှုကို အသုံးပြုခြင်းဟာ ဈေးကွက် ကစားရာမှာ သင့်ကို အကူအညီပေးမယ့် အဓိက ကိရိယာတစ်ခု ဖြစ်ပါတယ်။ ဒီနည်လမ်းနဲ့ ဆက်နွယ်မှုများကို ယုံကြည်စိတ်ချရစေပါလိမ့်မယ်။

စီးပွားရေးလုပ်ငန်းများအတွက် ပညာရှင်ဆန်တဲ့ ဘာသာပြန် ဝန်ဆောင်မှုတွေဟာ အရေးပါတယ်လို့ ထင်ပါသလား။ သင့်ရဲ့ သဘောထားကို ကျွန်တော်တို့နဲ့ မျှဝေခဲ့ပါဦး။

REF: Day Transaltion Service



Follow Us On InstagramFacebook and Twitter.

The LINK Myanmar 
thelink.myanmar@gmail.com
09797298159

Comments

Popular Posts